Subscribe For Free Updates!

သိသလောက် တတ်သလောက်လေးများကို ပြန်လည်မျှဝေခြင်း

Thursday, October 30, 2014

Free Apple ID Account ဖွင့်နည်း

မင်္ဂလာပါ Apple ပိုင်ရှင်များအတွက် Apple ID Free ဖွင့်နည်းလေးကို မိတ်ဆက်ပေးလိုက်ပါတယ် ခဏခဏလာပြီး မေးမြန်းခြင်းလေးကို ဒီပို့စ်လေးနဲ့ ရှင်းပြလိုက်ပါတယ် သိတဲ့တတ်တဲ့ သူတွေတော့ ကျော်သွားလိုက်ပါနော် လုံးဝ မသိမတတ်သေးသော သူများအတွက် ရည်ရွယ်ပြီး ရေးသားတင်ဆက်ခြင်းသာ ဖြစ်ပါတယ် Apple ID Account ကို မိမိတို့ iphone , ipad  ပေါ်ကနေ ဖွင့်လို့ရသလို မိမိတို့ ကွန်ပျူတာပေါ်ကလည်း ဖွင့်လို့ရပါတယ် ဒီပို့စ်လေးမှာတော့ ကွန်ပျူတာပေါ်ကနေ ဖွင့်နည်းလေးနဲ့ လုပ်ပြထားပါတယ် နားလည်သွားရင်တော့ သဘောတရားကတော့ အတူတူပါပဲ ပထမဦးဆုံး အနေနဲ့ မိမိတို့ ကွန်ပျူတာပေါ်ကနေဖွင့်မယ်ဆိုရင် မိမိတို့ ကွန်ပျူတာမှာ iTune ရှိဖို့ လိုအပ်ပါတယ် iTune 32-bit ကို ဒီမှာ ဒေါင်းယူပါ iTune 64-bit ကို ဒီမှာ ဒေါင်းယူပါ ကဲ့ iTune ရှိပြီဆိုရင်တော့ စလိုက်ကြရအောင်နော်.........

(၁) iTune ကိုဖွင့်ပြီး App Store မှာနှိပ်ပါ ပြီးရင် Top Free Apps ထဲက ကြိုက်တဲ့ Free App တခုမှာနှိပ်ပါ
 (၂) အောက်ပါပုံအတိုင်း ပေါ်လာပါလိမ့်မယ် Create Apple ID နေရာမှာနှိပ်ပါ
(၃) Continue မှာနှိပ်ပါ 
 (၄) I have read and agree to these terms and conditions. နေရာမှာ အမှတ်တောက်ပေးပါ ပြီးရင် Agree မှာနှိပ်ပါ
 (၅) အောက်ကပုံအတိုင်းကြည့်ပါ 1 နေရာမှာ မိမိတို့ အသုံးပြုမယ့် ID လိပ်စာထည့်ပါ ကျွန်တော်ကတော့ Gmail နဲ့ အသုံးပြုမှာမို့ Gmail တစ်ခုထည့်ထားပါတယ် 2 နဲ့ 3 နေရာမှာတော့ မိမိအသုံးပြုမယ် ID Password ကို နေရာနှစ်ခုလုံး အတူတူဖြည့်ပါ ဒီနေရာမှာ တခုသိရှိရမှာကတော့ Password ထည့်တဲ့နေရာမှာ စာလုံးတစ်လုံးကို အကြီးထားရပါမယ် ပြီးရင် ဂဏန်းနဲ့တွဲထည့်ပါ ဥပမာ Maung123 သို့မဟုတ် maunG123 ဒီလောက်ဆိုရင်တော့ သဘောပေါက်လိမ့်မယ်လို့ထင်ပါတယ် 4 နဲ့ 5 နေရာမှာတော့ မိမိကြိုက်နှစ်သက်ရာ တစ်ခုမေးပြီး မိမိကြိုက်ရာ တစ်ခုကိုပြန်ဖြေပါ ပုံထဲမှာ ကျွန်တော်အသုံးပြုထားတဲ့ စာတမ်းလေး အတိုင်းပြန်သုံးချင်ရင်လည်းရပါတယ် (6,7,8,) နေရာတွေမှာ မွေးသက္ကရာဇ် အမှန်ထည့်ပါ အရေးအကြောင်း ကြုံရင် မှတ်မိအောင်လို့ပါ ပြီးလို့ရှိရင်တော့ Continue မှာနှိပ်ပါ
 (၆) ဒီအဆင့်မှာတော့ None မှာတချက်နှိပ်ပါ
 (၇) ဒီအဆင့်မှာတော့ အောက်ကပုံကိုကြည့်ပါ Billing Address နေရာမှာ Mr. သို့မဟုတ် Mrs. ကိုရွေးပါ ကဲ့ အောက်က ပုံလေးအတိုင်းပဲဆက်ကြည့်ပါတော့နော်
 (၈) ဒီအဆင့်မှာတော့ ဘာမှ မလုပ်ပဲ Gmail ထဲကိုသွားပါ
 (၉) မိမိ အသုံးပြုတဲ့ Mail ထဲဝင်လိုက်ပါ ကျွန်တော်ကတော့ Gmail အသုံးပြုထားတဲ့ အတွက် Gmail ထဲကိုဝင်လိုက်ပါတယ် မိမိအသုံးပြုတဲ့ Mail ထဲကို Apple က Mail တစ်စောင်ပို့ထားပါလိမ့်မယ် အဲဒီ Mail ကိုဖွင့်လိုက်ပါ အောက်ကပုံအတိုင်းတွေ့ရပါလိမ့်မယ် Verify Now > နေရာမှာနှိပ်ပါ နောက်စာမျက်နှာ တစ်ခုရောက်သွားပါလိမ့်မယ်
 (၁၀) အောက်က ပုံအတိုင်းပေါ်လာပါလိမ့်မယ် Apple ID နဲ့ မိမိ အပေါ်မှာပေးထားခဲ့တဲ့ Password ကိုထည့်ပါ ပြီးရင် Verify Address မှာနှိပ်ပါ
 (၁၁) ဒီအဆင့်မှာတော့ ပြီးဆုံးပါပြီ အောက်ကပုံလေး အတိုင်း အစိမ်းရောင် အမှတ်လေး ပေါ်လာရင်တော့ သင်ဟာ Apple ID တစ်ခုကို ပိုင်ဆိုင်သွားပါပြီ
အားလုံးအဆင်ပြေပါစေ နည်းပညာ လမ်းကြောင်းပေါ်က ဝါသနာတူ မိတ်ဆွေ သူငယ်ချင်း ဘော်ဒါများ အားလုံးကို လေးစားလျှက်ပါ (ခင်မောင်စိုး - ညံ့ဖျင်းစွာမျှဝေခြင်း)



Post ကိုကြိုက်နှစ်သက်ရင် Like , Share လုပ်ပေးခဲ့ပါ
SOCIALIZE IT →
FOLLOW US →
SHARE IT →

1 comments:

  1. Apple Id Account ဖွင့်နည်း ~ ညံ့ဖျင်းစွာမျှဝေခြင်း >>>>> Download Now

    >>>>> Download Full

    Apple Id Account ဖွင့်နည်း ~ ညံ့ဖျင်းစွာမျှဝေခြင်း >>>>> Download LINK

    >>>>> Download Now

    Apple Id Account ဖွင့်နည်း ~ ညံ့ဖျင်းစွာမျှဝေခြင်း >>>>> Download Full

    >>>>> Download LINK

    ReplyDelete