Shortcut Icon ပြဿနာ ဖြေရှင်းနည်း
ဟိုးအရင်တုန်းက ကျွန်တော်ကိုယ်တိုင် ဖြစ်ဖူးပြီး မလုပ်တတ်လို့ Windows အသစ်ပြန်တင်လိုက်ရပါတယ် Windows 7 တွေမှာပဲ ဖြစ်လေ့ဖြစ်ထရှိတာပါ ဖြစ်ပုံကတော့ Desktop ပေါ်မှာရှိတဲ့ Icon မှန်သမျှအကုန်လုံး Mozilla Firefox ဆိုရင် အကုန်လုံး Mozilla Firefox ဒါမှမဟုတ် Windows Media Player ဆိုရင်လဲ အကုန်လုံး အတူတူအဲဒီအတိုင်း ဖြစ်နေပါလိမ့်မယ် နောက်တစ်ခုထပ်ပြောင်းကြည့်ရင်လဲ အကုန်လုံး ထပ်ပြောင်းတဲ့ အတိုင်း အတူတူဖြစ်နေပါလိမ့်မယ် Windows 7 တွေတော်တော်များများဖြစ်တတ်ကြပါတယ် ပြဿနာ အကြောင်းအရင်းအစကတော့ Desktop ပေါ်မှာရှိတဲ့ Software တွေရဲ့ Icon ကို Right Click ထောက်ပြီး Open With ကိုနှိပ်ကာ Program တစ်ခုကို ရွေးချယ်လိုက်လို့ အခုလို Icon တွေအကုန်လုံးဟာ ကိုနောက်ထပ်ရွေးချယ်လိုက်တဲ့ Program တွေအတိုင်း အတူတူဖြစ်နေတာတွေ့ရလိမ့်မယ် ဒါဟာ................
(၁) Windows 7 ရဲ့ Registry မှာ Shortcut Icon ပိုင်းဆိုင်ရာပြောင်းလဲမှုအားနည်းနေခြင်း (Exploit)
(၂) အသုံးပြုသူရဲ့ ဝေဖန်ပိုင်းခြားမှု လွဲချော်ခြင်း (ဥပမာ) Program Icon မှန်း Folder or Files မှန်းခွဲခြားမသိမှုတွေကြောင့်ဖြစ်ပါတယ်။
အသုံးပြုနည်းလေး အောက်မှာကြည့်လိုက်ပါလိုချင်ရင် အောက်မှာအဆင်ပြေတဲ့ ဟာလေးတစ်ခုကို ဒေါင်းယူလိုက်ပါ...
ဒီမှာယူပါ==>>Mediafire / Zippyshare / Dropbox
Download ချလို့ရလာတဲ့ဖိုင်ထဲက Amc.bat ကိုအရင်နှိပ်ပါ အနက်ရောင် Box လေးဖျက်ခနဲ့တက်လာပြီး ပိတ်သွားပါလိမ့်မယ် ပြီးတာနဲ့ Exe.reg ကို Clickပါ။
Yes or No မေးရင် Yes နှိပ်လိုက်ပါ၊ Error တက်လာရင် Ok ပေးလိုက်ပါ၊ ဒါဆိုရင်ရပါပြီ တကယ်လိုမရခဲ့ရင်လဲ ကွန်ပျူတာကို Restart ချလိုက်ပါ စက်ပြန်တက်လာတာနဲ့ Desktop ပေါ်မှာရှိတဲ့ Icon လေးတွေဟာ မူလ Program Icon တွေအတိုင်း ဖြစ်နေပါလိမ့်မယ် အဲဒီ Program တွေအပေါ်ကို Right Click >>> Open With လုပ်ကြည့်လိုက်ပါ အခြား Program တွေမပြောင်းတော့ပါဘူး။
ဝင်းကမ္ဘာကျော် နည်းပညာမှတ်တမ်းမှ ကူးယူဖေါ်ပြသည်
<<<<<<<.............. အဆင်ပြေရင် Facebook Like လေးနဲ့ အားပေးခဲ့ပါ ............>>>>>>>

0 comments:
Post a Comment