Subscribe For Free Updates!

သိသလောက် တတ်သလောက်လေးများကို ပြန်လည်မျှဝေခြင်း

Saturday, May 4, 2013

ကျွန်တော်နှင့် ဘလော့ဂ်၏ အကြောင်း

အားလုံးမင်္ဂလာပါ လာရောက်လည်ပါတ်သူအပေါင်း ကိုယ်စိတ်နှဖြာ ကျန်းမာချမ်းသာကြပါစေ အန္ဒရယ်ခပ်သိမ်း ကင်းငြိမ်းကြပါစေ.....

နည်းပညာ လမ်းကြောင်းပေါ်က ဝါသနာတူ မိတ်ဆွေညီအကိုမောင်နှမများကို အရမ်းလေးစားတတ်သူတစ်ဦးပါ နည်းပညာတွေကို လေ့လာရင်းနဲ့ သိသလောက်တတ်သလောက်လေးတွေကို ပြန်လည်ပြီးမျှဝေခွင့်ရရင် ကျေနပ်နေသူတစ်ဦးပါ စိတ်ညစ်တဲ့အခါတိုင်း အင်တာနက်လိုင်းရှိရင် ဘလော့ဂ်ထဲဝင်တတ်ပါတယ် တနည်းအားဖြင့် စိတ်ညစ်စရာတွေကို ခဏတာ မေ့ပျောက်တတ်တယ်.......

(အရင် ဘလော့ဂ်အဟောင်းထဲက စာသားလေးတွေကို အောက်မှာဆက်ဖတ်နိုင်ပါတယ်)
 
အားလုံးမင်္ဂလာပါ ကျွန်တော်နဲ့ ဘလော့ဂ်နဲ့ ပါတ်သတ်လာပုံအကြောင်းလေးပါ အင်တာနက်သုံးရင်းနဲ့ နည်းပညာတွေကို စိတ်ဝင်တစားလိုက်စားခဲ့ပါတယ် ဘယ်သင်တန်းကျောင်းမှလဲ မတက်ဖူးပါဘူး ပြည်ပမှာ တစ်ယောက်တည်းနေပြီး ဆရာဆိုတာကို အွင်လိုင်းပေါ်မှာပဲရှာဖွေခဲ့ပါတယ် ဘလော့ဂ်ပြုလုပ်နည်းတွေနဲ့ ဘလော့ဂ် အသုံးပြုပုံလေးကိုတော့ Website တော်တော်များများမှာရှိပါတယ် သို့သော်လည်း ကျွန်တော်မတွေ့ခဲ့ပါ တစ်နေ့ Facebook သုံးနေရင်းနဲ့ မထင်မှတ်ပဲ ဘလော့ဂ်လုပ်နည်းလေးတစ်ခုကိုညီငယ်လေး အောင်ကိုမင်း ရေးတဲ့ Myanmar Daily Time(Daily Nwes) Website ရဲ့ ဒီနေရာမှာ  တွေ့ရှိခဲ့ပါတယ် ဒါကြောင့်ဒီဘလော့ဂ်ကို ဖွင့်ဖြစ်ခဲ့ပါတယ် ဘလော့ဂ်ကိုတော့ ဖွင့်တတ်သွားပါပြီ ဘလော့ဂ်ကိုကောင်းကောင်းမသုံးတတ်ဘူး  HTML ဆိုတာဘာလဲမေးစရာဖြစ်လာပါတယ် HTML ရဲ့အရှည်က တော့ (Hyper Text Markup Language) ပဲဖြစ်ပါတယ် အဲဒီအချိန် ကျွန်တော်အမြဲတမ်းလိုလို လိုအပ်တဲ့ဆော့ဝဲလ်တွေကို သွားရှာနေကျဖြစ်တဲ့ Myanmar တိုင်းရင်းသား တစ်နေ့တာဖတ်မိသမျှ ဆိုဒ်ပိုင်ရှင် ကို R , ဂျေ ကို အကူညီတောင်းခဲ့ပါတယ် ကျွန်တော်ဘလော့ဂ်ရဲ့ Templates တွေကို သူပဲ ပထမဦးဆုံးပြောင်းပေးခဲ့ပါတယ် အဲဒီတုန်းက  Templates ဆိုတာဘာလဲ ကျွန်တော်လုံးဝ မသိသေးတဲ့ အချိန်ပေါ့  နောက်ပြီးသူပြောတဲ့ HTML ဆိုတဲ့နည်းပညာစာအုပ်တွေကိုလဲ အားလပ်တဲ့ အချိန်တွေမှာ အဆက်မပြတ်လေ့လာခဲ့ပါတယ် နောက်တော့ ဆော့ဝဲလ်တွေကို ကိုယ်ပိုင်လင့်တွေနဲ့ လုပ်ချင်ခဲ့တယ် မထင်မှတ်ပဲ Facebook သုံးနေရင်းနဲ့ပဲ ညီငယ်လေး Min Min Thaw နဲ့စကားပြောဖြစ်ခဲ့ပြီး လင့်အကောင့်လုပ်ယူတဲ့နေရာတွေနဲ့ အကောင့်လုပ်နည်းလေးတွေကို ပြောဖြစ်ခဲ့ကြတယ် အားလုံးကို အထူးကျေးဇူးတင်ပါတယ် သူတို့စပျိုးပေးလိုက်တဲ့ လမ်းကြောင်းလေးပေါ်မှာ လမ်းလျှေက်ပြီး ကျွန်တော်လေ့လာသိရှိထားသမျှနည်းပညာတွေကို မသိမတတ်သေးတဲ့ သူတွေအတွက် ရည်ရွယ်ပြီး ဒီဘလော့ဂ်လေးမှာ ပြန်လည်ပြီး မျှဝေခြင်းသာဖြစ်ပါတယ် ဆက်လက်ကြိုးစားရင်းနဲ့......(ခင်မောင်စိုး)

(ကျွန်တော်ဆိုဒ်လေးကို ရောက်တုန်းရောက်ခိုက်လေးမှာ နည်းပညာလေးတစ်ခု (သို့မဟုတ်) လိုအပ်တဲ့ Software လေးတစ်ခုရရှိခဲ့တယ် ဆိုရင် လာလည်ခဲ့သူအတွက် ကျွန်တော်ဝမ်းသာနေမှာပါ)                                   

(အမှားများရှိရင်ပြန်ပြောခဲ့ပါ ခံယူဖို့အဆင်သင့်ပါ အခုလို စာဖတ်တဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်)

                            လေးစားစွာဖြင့်
                                              ခင်မောင်စိုး


Post ကိုကြိုက်နှစ်သက်ရင် Like , Share လုပ်ပေးခဲ့ပါ
SOCIALIZE IT →
FOLLOW US →
SHARE IT →

0 comments:

Post a Comment