Subscribe For Free Updates!

သိသလောက် တတ်သလောက်လေးများကို ပြန်လည်မျှဝေခြင်း

Wednesday, March 26, 2014

Google Talk မြန်မာဖောင့် ပြဿနာ ဖြေရှင်းနည်း


Google Talk Settings မှာ Zawgyi One ပြောင်းထားပါလျှက် မြန်မာဖောင့် မပေါ်တဲ့ ပြဿနာကိုဖြေရှင်းနည်းလေးပါ မသိသေးသော သူများအတွက် ရည်ရွယ်ပါသည် လိုင်းပေါ်မှာ မကြာခဏ ဖြေကြားပေးနေရတဲ့ အချက်လေးတစ်ခုပါ အခုတော့ Connection မကောင်းတာနဲ့ Software တင်ဖို့ အဆင်မပြေဖြစ်နေတဲ့ အချိန်မှာ သတိရလို့ ဒီပို့စ်လေးကို ရေးဖြစ်ခဲ့ပါတယ်...
Google Talk Settings မှာ Zawgyi One ပြောင်းနည်းကတော့ အပေါ်ကပုံအတိုင်းပါပဲ နံပါတ် (1) ကနေ နံပါတ် (5) အထိ အဆင့်ဆင့် သွားပြီး ပြောင်းပေးလိုက်ပါ Google Talk မရှိသေးရင်တော့ ဒီနေရာလေးမှာ ဒေါင်းယူလိုက်ပါ ပြီးရင် အောက်ကအတိုင်း အဆင့်ဆင့်သွားလိုက်ပါ
(1) Settings မှာနှိပ်ပါ
(2) ပေါ်လာတဲ့ Box ထဲက Change Font နှိပ်ပါ နောက်ထပ် Box တစ်ခုပေါ်လာပါလိမ့်မယ်
(3) Font လို့ရေးထားတဲ့ Box လေးထဲမှာ Zawgyi One ပြောင်းပေးလိုက်ပါ
(4) ပြီးရင် OK နှိပ်လိုက်ပါ
(5) ကျန်တဲ့ Box မှာ OK နှိပ်ပြီးထွက်ပါ ဒါဆိုရင် Google Talk မှာ Zawgyi One ပြောင်းတာ အဆင်ပြေပါပြီ...........

Zawgyi One ပြောင်းထားပါလျှက် မြန်မာဖောင့် မပေါ်ရင် အောက်မှာ ပုံနဲ့ ရှင်းပြထားပါတယ်...
မှတ်ချက်==>> ဒီနေရာမှာ ပုံအနည်းငယ်ကွဲပြားမူရှိနေပါလိမ့်မယ် (ဥပမာ) Windows 7 နဲ့ windows 8 ပေါ့ သဘောတရားနဲ့ စာတမ်းတွေကတော့ အတူတူပါ.....

(1) Start ကနေ (2) Control Panel ကိုသွားပါ (3) Internet OPtions သွားပါ
ဒီနေရာကို သွားနည်းတွေ အမျိုးမျိုးရှိပါတယ် Intrenet Explorer ကိုဖွင့်ပြီး Settings ကနေပြီး Internet Options ကနေသွားရင်လည်း ရပါတယ် နောက်နည်းတွေလဲ ရှိပါတယ် ကဲအောက်ကပုံမှာပဲ ကြည့်လိုက်ပါတော့.........


အပေါ်ကအတိုင်း အဆင့်ဆင့်သွားပြီးရင် နောက်ထပ် Box လေးတစ်ခု ထပ်ပေါ်လာပါလိမ့်မယ်...
(4) ပေါ်လာတဲ့ Box ထဲက Fonts ဆိုတဲ့နေရာမှာနှိပ်ပါ နောက်ထပ် Box တစ်ခုပေါ်လာပါလိမ့်မယ်
(5) Webpage Font Box မှာ Zawgyi One ကိုရွေးပါ
(6) OK နှိပ်ပြီး ပြန်ထွက်ပါ
(7) ကျန်ရှိနေသော Box မှာ OK နှိပ်ပြီး ပြန်ထွက်ပါ
ဒါဆိုရင် သင့်ရဲ့ Google Talk မှာ မြန်မာစာကို ကောင်းကောင်း ရေးလို့ ဖတ်လို့ရပါပြီ အားလုံးအဆင်ပြေကြပါစေ.......


         <<<<<<<.......... အဆင်ပြေရင် Facebook Like လေးနဲ့ အားပေးခဲ့ပါနော် ..........>>>>>>>


Post ကိုကြိုက်နှစ်သက်ရင် Like , Share လုပ်ပေးခဲ့ပါ
SOCIALIZE IT →
FOLLOW US →
SHARE IT →

0 comments:

Post a Comment