Subscribe For Free Updates!

သိသလောက် တတ်သလောက်လေးများကို ပြန်လည်မျှဝေခြင်း

Monday, August 25, 2014

Opera Browser နှင့် မြန်မာဖောင့် ပြဿနာ


အားလုံးမင်္ဂလာပါ Opera Browser နဲ့မြန်မာစာ ပြဿနာ ဖြေရှင်းနည်းလေးပါ Opera Browser သုံးပြီး မြန်မာစာ အပြည့်မမြင်ရသူများအတွက် ရည်ရွယ်ပြီး ဒီပို့စ်လေးကို ရေးသားလိုက်ပါတယ် Opera ကိုဘာကြောင့်အသုံးပြုကြပါသလဲလို့မေးလာရင်တော့ အဖြေကရှင်းပါတယ် အင်တာသုံးတဲ့ Browser တွေထဲမှာ မြန်ဆန်သွက်လက်မှုရှိတဲ့ Browser တစ်ခုပါပဲ ကျွန်တော်အမြင်ပြောရရင်တော့ Google Chrome ထက်ကို သွက်လက်မြန်ဆန်ပါတယ် အပိုမပြောပါဘူး မယုံရင်သုံးကြည့်ပါ သုံးဖူးတဲ့သူတွေကိုတော့ အထွေ အထူးပြောနေစရာမလိုတော့ဘူးထင်ပါတယ် တကယ်လို့များ Opera မးရှိသေးဘူးဆိုရင်တော့ ဒီနေရာလေးမှာ ဒေါင်းယူလိုက်ပါ ရှိပြီဆိုရင်တော့ အောက်ကပုံလေးတွေ အတိုင်းအဆင့်ဆင့်သွားပါ.........

(၁) Opera Browser ကိုဖွင့်ပြီး Settings ကိုဝင်ပါ.........
 (၂) Websites ကိုသွားပါ ပြီးတော့ Customize fonts... မှာနှိပ်ပါ အောက်ကပုံလေးအတိုင်းပါပဲ


(၃) ပေါ်လာတဲ့ Box မှာ Zawgyi One ပြောင်းပေးလိုက်ပါ အောက်ကပုံလေးအတိုင်းပါပဲ

(၄) Minimum font size နေရာမှာ မိမိစိတ်ကြိုက် စာလုံးအရွယ်အစားကို ညှိယူနိုင်တယ် ပြီးရင် Encoding Box နေရာမှာ Unicode (UTF-8) သို့မဟုတ် Unicode (UTF-16LE) ကိုရွေးပါ ပြီးရင် Done မှာနှိပ်ပါ ဒါဆိုရင်ရပါပြီ


မှတ်ချက်= လုံးဝမသိ မတတ်သေးသောသူများအတွက် ရည်ရွယ်ပါသည် သိတဲ့တတ်တဲ့ သူတွေအတွက်တော့ ဆောရီးပါနော်........

Post ကိုကြိုက်နှစ်သက်ရင် Like , Share လုပ်ပေးခဲ့ပါ
SOCIALIZE IT →
FOLLOW US →
SHARE IT →

0 comments:

Post a Comment