မင်္ဂလာပါ Blogger ပိုင်ရှင်သစ်လေးများအတွက် Template ထည့်နည်းလေးကို မိတ်ဆက်ပေးလိုက်ပါတယ် တကယ်ဆိုရင်တော့ တစ်ဆင့်ချင်းစီကို ပုံတွေနဲ့ ရှင်းပြပြီးတင်ချင်ခဲ့တာပါ အခုတော့ Video ဖိုင်လေးနဲ့ပဲ တင်ပေးလိုက်ပါတယ် စာအများကြီး မရေးတော့ပါဘူး လိုရင်းတိုရှင်းပဲ ရေးပါတော့မယ် မရှင်းရင်တော့ အောက်က Video ဖိုင်လေးကိုပါကြည့်ပါ တစ်ဆင့်ချင်းစီ ပုံနဲ့ မတင်ဖြစ်တာတော့ဆောရီးပါနော် အောက်က Video ဖိုင်လေးအတိုင်းပဲ သွားကြရအောင်နော်....
(၁) Blogger Logn in ဝင်လိုက်ပါ
(၂) Free Template တစ်ခုကို Download လုပ်ပါ Download မလုပ်သေးခင် Template ပုံစံကိုကြည့်မယ်ဆိုရင် Demo ဆိုတဲ့နေရာမှာ နှိပ်ပြီး Template ပုံစံကိုကြည့်နိုင်ပါတယ် မိမိ သုံးချင်တဲ့ ပုံစံအတိုင်း စိတ်ကြိုက်တွေ့ပြီဆိုရင်တော့ Download မှာနှိပ်ပြီး ဒေါင်းယူလိုက်ပါ
(၃) ဒေါင်းလို့ရလာတဲ့ Template ဖိုင်လေးကို Copy လုပ်ပြီး Folder အသစ်တစ်ခုမှာထည့်ပြီး ဖိုင်ဖြည်လိုက်ပါ............
(၄) မိမိ Blog ရဲ့ Template ဆိုတဲ့နေရာကို သွားပါ
(၅) Backup / Restore ဆိုတဲ့နေရာမှာနှိပ်ပါ
(၆) တကယ်လို့ Template အဟောင်းကို ပြန်သိမ်းထားချင်တယ်ဆိုပါက Download full template မှာနှိပ်ပြီး ဒေါင်းယူသိမ်းထားနိုင်ပါတယ် နံပါတ် ၂ အဆင့်မှာ မိမိဒေါင်းထားတဲ့ Template ကိုထည့်မယ်ဆိုရင်တော့ Browse မှာနှိပ်ပါ ပြီးရင်အဆင့် ၃ မှာဖိုင်ဖြည်ထားတဲ့ Template ကိုထည့်လိုက်ပါ ပြီးရင် Upload မှာနှိပ်ပြီး ခဏစောင့်လိုက်ပါ ပြီးသွားတာနဲ့ View Blog မှာနှိပ်ပြီး မိမိတို့ Blog ကိုဝင်ကြည့်လိုက်တာနဲ့ မိမိဒေါင်းယူလာတဲ့ Template ပုံစံမျိုး ဖြစ်သွားတာကိုတွေ့မြင်ရပါလိမ့်မယ်...
မရှင်းသေးရင်တော့ Video ဖိုင်လေးကို ထပ်ကြည့်ပါ ပျော်ရွှင်စရာ နေ့လေး တနေ့ဖြစ်ပါစေ







zawgyi font ရယူရန်
zawgyi font ရယူရန်
အကိုမင်္ဂလာပါခင်များဘလော.အကောင်.ဖွင်ပီးရင်ဘယ်လိုပြန်ရှာရပါသလဲပြေားပြပေးပါလားအကိုဆရာသမားရယ်
ReplyDelete