Subscribe For Free Updates!

သိသလောက် တတ်သလောက်လေးများကို ပြန်လည်မျှဝေခြင်း

Wednesday, November 12, 2014

Office , PageMaker , Photoshop တို့နှင့် ရေးမရသော Win Font အဆင့်တချို့ရေးနည်း



မင်္ဂလာပါ စာစီစာရိုက် အခုမှ စလေ့လာတဲ့သူတွေ အတွက် Win Font အသုံးပြုစဉ် တချို့စာလုံးများ ရိုက်မရတာကို ရအောင်ရိုက်နည်းလေးပါ Zawgyi One အသုံးပြုရင်တော့ အားလုံးအဆင်ပြေပါတယ် Win Font နဲ့စာလုံးဒီဇိုင်း အလှလေးတွေ ရေးလို့ရှိရင် တချို့စာလုံးတွေဟာ လုံးဝရေးမရဘူးလို့ ပြောတဲ့သူတွေအတွက် ဒီနည်းလေးကို တင်ပေးလိုက်ပါတယ် အောက်မှာတော့ Photoshop နဲ့ နမူနာလုပ်ပြထားပါတယ် တကယ်လို့များ မိမိအသုံးပြုတဲ့ ကွန်ပျူတာဟာ Windows 7 ဆိုရင်တော့ 
Start -> All Programs -> Accessories -> System Tools -> Character Map

Windows 8 ဆိုရင်တော့ Charms Menu >> Search >> Apps >> Character Map

အောက်ကပုံအဆင့်မှာတော့ မိမိ အသုံးပြုနေတဲ့ Font အမျိုးအစားကိုရွေးပါ အောက်က ပုံမှာကတော့ Win Taungyi ကိုအသုံးပြုထားပါတယ် မိမိက Win Taungyi ကိုအသုံးပြုမယ်ဆိုရင် Character Map မှာလည်း Win Taungyi ကိုရွေးပါ

အောက်ကပုံမှာကြည့်ပါ Character Map ပေါ်ကမိမိအသုံးပြုမယ့် စာလုံးပေါ်မှာ Click လုပ်ပြီး Select လုပ်ပါ ပြီးရင်တော့ Copy ယူပြီး Paste သို့မဟုတ် Ctrl+V လုပ်ပေးလိုက်ပါ ပျော်ရွှင်ပါစေ လာရောက်လည်ပတ်မှုကို အထူးကျေးဇူးတင်ပါတယ်


Post ကိုကြိုက်နှစ်သက်ရင် Like , Share လုပ်ပေးခဲ့ပါ
SOCIALIZE IT →
FOLLOW US →
SHARE IT →

0 comments:

Post a Comment